မတ္တရာမြို့နယ်တွင် မိုးရေချိန် ၁၁.၇၃ လက်မ ရွာသွန်းခဲ့မှုကြောင့် ရွှေတချောင်းမြောင်း ရေကျော်မှုဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်တွင် မိုးရေချိန် ၁၁.၇၃ လက်မ ရွာသွန်းခဲ့မှုကြောင့် ရွှေတချောင်းမြောင်း ရေကျော်မှုဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်



MNP - ဇူလိုင်  ၃၁


မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ယနေ့နံနက် ၂ နာရီမှ ၉ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။


အဆိုပါ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များရှိ  လမ်းများပေါ်တွင် မိုးရေလျှံပြီး နေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး  ရွှေတချောင်းမြောင်း၌ မြောင်းပေါင်ရေကျော်မှုများ ဖြစ်ပွားခဲ့သဖြင့် ကျိုးပေါက်မှုများ မ‌ဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ  တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)