ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၂) ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၂) ကျင်းပပြုလုပ်


      

MNP -  ဇူလိုင်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့် အောင်မြင်စွာ ကျင်းပရေးအတွက် အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်၊ ပညာရှင် အဆင့်ပြိုင်ပွဲဝင်များကို စနစ်တကျ ရွေးချယ်၍ ဟင်္သာတခရိုင် ကိုယ်စားပြု၊ တိုင်းကိုယ်စားပြု၍ ဗဟိုအဆင့်ထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အထူးအလေးထား ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမူ အမွေကို အနာဂတ် လူငယ်များ သိရှိတန်ဖိုးထားတတ်စေရန်၊ ခရိုင်အဆင့်နှင့် လျော်ညီစွာ ခမ်းခမ်းနားနား ဖြစ်အောင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် မိမိတို့ တာဝန်ကျရာ ဏဏ္ဍများအလိုက် အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ထားကြရန် လိုအပ်ချက်များ မရှိအောင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးစေရေးစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက် လာကြသော ဆပ်ကော်မတီများမှ မိမိတို့ တာဝန်ယူဆောင်ရွက်နေကြသော ဏဏ္ဍများအလိုက် အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ပြိုင်ပွဲကျင်းပမည့်နေရာပြင်ဆင်ထားမှု၊ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးအစားများ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ သဘင်၊ ဂီတ၊ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)