ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နိုင်ငံအဆင့်ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နိုင်ငံအဆင့်ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) တက်ရောက်



MNP ၊ ဇူလိုင် ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသော နိုင်ငံအဆင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့ (Tourism Professional Certification Board-TPCB) ၏ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် ဧည့်ကြို၊ အိပ်ခန်းဆောင်အကူ၊ မုန့်ဖုတ်၊ စားပွဲထိုး၊ ခရီးလှည့်လည်လုပ်ငန်းအကြံပေးနှင့် လက်မှတ်အရောင်း မန်နေဂျာစသည့် ဟိုတယ်နှင့် ခရီးလှည့်လည်ရေးအလုပ်အကိုင် (၆) မျိုးအတွက် Qualification Level အလိုက် အာဆီယံ၏ သတ်မှတ်သင်ရိုးညွှန်းတမ်း စုဖွဲ့မှုလမ်းညွှန်ချက်များနှင့်အညီ ကျွမ်းကျင်မှုစံနှုန်းများကို အတည်ပြုသတ်မှတ် သွားမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း သင်တန်းသားများ၏ ကျွမ်းကျင်မှုများကို သတ်မှတ်လု ပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးအကဲဖြတ်ကာ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း။

ဟိုတယ်နှင့်ခရီးလှည့်လည်ရေးလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များနှင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်၍ MRA-TP အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအဆင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ အဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းအားဖြည့် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ NTPB နှင့် TPCB အဖွဲ့များ၏ ဥက္ကဋ္ဌဖြစ်သော ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ASEAN MRA-TP အကောင် အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အလုပ်အကိုင် (၆) မျိုးအလိုက် Functional Competency များ သတ်မှတ်ခြင်းနှင့်ကျွမ်းကျင်မှုများ စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များ၊ National Trainers နှင့် National Assessors များအတွက်လိုအပ်သည့် မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့ဝင်များက အဆိုပြုတင်ပြခဲ့ကြသည့်အပေါ် တက်ရောက်လာသည့် NTPB နှင့် TPCB အဖွဲ့ဝင်များက အပြန် အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ယခုအစည်းအဝေးသည် ယခင်ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့သည့် ဦးစားပေးအလုပ်အကိုင် (၆) မျိုးအတွက် အာဆီယံ၏ သတ်မှတ်သင်ရိုးညွှန်းတမ်းစုဖွဲ့မှု လမ်းညွှန်ချက်များနှင့်အညီ ကျွမ်းကျင်မှုစံနှုန်းများကို အတည်ပြုသတ်မှတ်ရန်၊ ASEAN MRA-TP ၏ လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းရန်၊ ကျွမ်းကျင်ပညာရှင်များမွေးထုတ်ရေးနှင့် စစ်ဆေး အကဲဖြတ်ရေးအတွက် National Trainers နှင့် National Assessors များ စုစည်းရေးနှင့် လိုအပ်သည့် မွမ်းမံသင်တန်းများဖွင့်လှစ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)