Pages

Pages

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

 



MNP -ဇူလိုင်  ၁၆


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက်(၇)နာရီအချိန်က သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူးတို့က ဦးဆောင်ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများက ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် အတွင်းအပြင်ရှိ အမှိုက်လှည်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများက  ပန်းအလှပင်များအား ပုံဖော်၍ ပြုပြင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment