Pages

Pages

ချောင်းဦးမြို့တွင် မိုးစပါးတစ်ဧကတင်း (၁၀၀) အထက်ထွက်ရှိရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစုပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ



MNP - ဇူလိုင်  ၁၆


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ကျေးရွာအုပ်စု ၅ အုပ်စုမှ အကျိုးဆောင်တောင်သူများအား ဖိတ်ကြားပြီး မိုးစပါးတင်း ၁၀၀ အထက်ထွက်ရှိရေး စိုက်ပျိုးရေးနည်းပညာပေးသင်တန်းနှင့် သွင်းအားစုပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော် တက်ရောက်ပြီး အမှာစကားပြောကြားရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်  နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် သွင်းအားစုပံ့ပိုးပစ္စည်းများအား စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အကျိုးဆောင်တောင်သူများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သလို စိုက်ပျိုးရေးဦးစီးဌာနမှလည်း မိုးစပါးစိုက်ပျိုးရာတွင် တဧကတင်း (၁၀၀) အထက် ထွက်ရှိနိုင်သည့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနေကြောင်း၊ အကျိုးဆောင် တောင်သူများအနေဖြင့် နိုင်ငံတော်မှ ပံ့ပိုးပေးသည့် သွင်းအားစုပံ့ပိုးပစ္စည်းများနှင့် စိုက်ပျိုးရေးနည်းပညာများ ပေါင်းစပ်ကာ စိုက်ပျိုးသွားမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ရသည့် အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ယူရီးယားမြေသြဇာ၊ ဆင်းသုခ မျိုးကောင်းမျိုးသန့်မျိုးစပါးများ၊ သဘာဝ ပိုးတားဆေး ပုံးများပါဝင်သည့် သွင်းအားစု ပံ့ပိုးပစ္စည်းများအား အကျိုးဆောင်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်၊ မြေစာရင်း ဒုတိယဦးစီးမှူး၊ ကျေးရွာအုပ်စု ၅ အုပ်စုမှ အကျိုးဆောင် တောင်သူ ၁၅ ဦး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းဆရာများ တက်ရောက်ခဲ့သည်။ သင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ မိုးစပါးစိုက်ပျိုးရာတွင် တဧက တင်း(၁၀၀) အထက်ထွက်ရှိရေး စိုက်ပျိုးရေးနည်းပညာများ၊ လိုက်နာရမည့် အချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဘက်စုံပိုးမွှားကာကွယ်ရန် နည်းစနစ်များကို ဒေါ်မာလာမှ ရှင်းပြခဲ့သည်။ ဒေါ်ဥမ္မာမှလည်း ဓာတ်မြေသြဇာ စနစ်တကျသုံးစွဲနည်း၊ သဘာဝပိုးတားဆေး သုံးစွဲနည်းနှင့် မိမိတို့စိုက်ပျိုးမည့် ယာမြေတွင် မြေချဉ် ၊   ငံကို မိမိတို့အိမ်အတွင်း မီးဖိုချောင်ရှိပစ္စည်းများဖြစ်သည့် ရှာလကာရည်၊ စားဆော်ဒါဖြင့် တိုင်းတာနည်းများ သင်ကြားပေးခဲ့သည်။


သတင်း - ဝင်းမြင့်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment