သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ထက် ပြည့်မီကျော်လွန်ရေး ကြိုးစားစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ထက် ပြည့်မီကျော်လွန်ရေး ကြိုးစားစိုက်ပျိုး




MNP - ဇူလိုင်  ၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားချက်ထက် စိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုး လျက်ရှိသည်။


သာယာဝတီမြို့နယ်အနေဖြင့် ယခင်နှစ် မိုးစပါးစိုက်ဧက (၁၀၁၄၈၀) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်းပျှမ်းမျှ (၇၉.၄၉) တင်းနှုန်းထွက်ရှိခဲ့ကာ ဒေသဝမ်းစာ ဖူလုံမှုမှာ (၁၅၈.၇၈) ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ် မိုးစပါးစိုက်ဧက (၁၀၃၆၅၉) ဧက စိုက်ပျိုးနိုင်ပြီး ဒေသဝမ်းစာဖူလုံရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုး၍ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးပြုံးချိုက ပြောသည်။


သာယာဝတီမြို့တွင် ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ရက်-၉၀၊ ဗျော့ထွန်း၊ ရွှေဝါထွန်း၊ ကရင်မထိပ်ဆောင်း၊ ငစိန်၊ GW-11၊ မှော်ဘီ-၃၊ ချမ်းမြေ့မေစပါး မျိုးများအား အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)