ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၁)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များအား နွားနို့တိုက်ကျွေး ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၁)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များအား နွားနို့တိုက်ကျွေး ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး




MNP ၊ ဇူလိုင် ၁၁

နွားနို့သောက်သုံးခြင်းဖြင့် မူလတန်းအကြိုကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားပြီး အရိုးအဆစ်များသန်မာစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစေရေးတို့အတွက် ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်းမှ မူကြိုရင်သွေးငယ်များအား နွားနို့နှင့် ကြက်ဥတို့ကို တိုက်ကျွေးခဲ့ကြသည်။


ထို့သို့ တိုက်ကျွေးရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မူကြိုကျောင်းရှိ အသက်(၃)နှစ်မှ (၅)နှစ် အရွယ်ကလေးငယ် ၁၃၄ ဦးတို့အား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မူလတန်းကြိုကျောင်းရှိ ဆရာမများအတွက် ငွေကျပ် ၃ သိန်းကို ကျောင်းအုပ် ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်း၊ Synthetic မီတာ ၄၀၀ ပြေးလမ်းခင်းခြင်းနှင့် ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အနောက်ဘက်အထူးတန်းပွဲကြည့်စင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် Landscaping အလှဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် မြေနေရာအား သတ်မှတ်ပေးပြီး အားကစားကွင်း၏ အဝင်တံခါးများ အသစ်လဲလှယ်တပ်ဆင်သွားရန်၊ လုပ်ငန်းအားလုံးပြီးစီးချိန်တွင် သန့်ရှင်းသာယာလှပရေးအတွက် Side Clean ဆောင်ရွက်ပေးရန်နှင့် အားကစားကွင်းတစ်ခုလုံး သန့်ရှင်းသာယာလှပစေရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)