မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးသည် အောင်လံမြို့နယ်၊ သရက်မြို့နယ်မှ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးသည် အောင်လံမြို့နယ်၊ သရက်မြို့နယ်မှ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

 



MNP - ဇူလိုင်  ၁၅


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဝင်း၊ မကွေးခရိုင် စားသုံးသူရေးရာဦးစီးမှူး ဒေါ်တင်တင်လှတို့သည် ယနေ့ နံနက် ၉နာရီက အောင်လံမြို့နယ်၊ သရက်မြို့နယ်များမှ ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် အောင်လံကုန်စည်ဒိုင် ခန်းမတွင် တွေ့ဆုံခဲ့သည်။


အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးအရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အောင်လံမြို့နယ်သည် ယခုအခါ ခရိုင်အဖြစ် ပြောင်းလဲလာသည့်အတွက် မိမိတို့မြို့နယ်အား ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့်လည်း  မြို့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့ပတ်လမ်းများ၊ အဝေးပြေးကားကြီးကွင်း၊ ခရိုင်အဆင့် လျော်ညီသည့် အစိုးရရုံးများအား တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယခုလကုန်တွင် ပြန်လည် ရွေးချယ်ဖွဲ့စည်းနိုင်ရေးနှင့် အသင်းကျစ် လစ် ခိုင်မာတောင့်တင်းမှသာလျှင် ဒေသခံတောင်သူများ၏ လူမှုစီးပွားရေးဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


တွေ့ဆုံပွဲသို့ အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အမှုဆောင်များနှင့် အသင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)