MNP - ဇူလိုင် ၁၂
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီးဘုရားတွင် ဇူလိုင်(၁၂)ရက် ဝါဆိုလပြည့်နေ့၌ ရပ်နီး၊ ရပ်ဝေး ဘုရားဖူးပြည်သူများ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူများနှင့် စည်ကား လျက်ရှိ ကြောင်း သိရှိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးအား (၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန်းကြီးကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်း၊ ရှေးရွာသူ ကြီးများ လက်လက်၌ လိမ်ညာမှု၊ ခိုးမှု၊ အငြင်းပွားမှုများအား ဆုံဖြတ်နိုင်ရန်အတွက် မဟာရွှေသိမ်တော် ဘုရာကြီး ရှေ့မှောက်တွင် သစ္စာကန်တော့ပွဲနှင့် မီးတိုင်ထွန်းခြင်းများ၊ သစ္စာရည်သောက်ခြင်းများ ပြုလုပ်ဖြေရှင်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သစ္စာအဓိဋ္ဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ တစ်နေ့တစ်ခြားစည်ကားလာကြောင်း မဟာရွှေသိမ် တော်ဆုတောင်းပြည့် ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြ၍ သိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမကြီး ဘေး သင်တောင်းကျေးရွာအနီးတွင် တည်ရှိကာ နေ့စဉ်ဘုရားဖူပြည်သူများနှင့် အမြဲ စည်ကားလျက်ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် အခါကြီး၊ ရက်ကြီးများတွင် ပို၍စည်ကား ကြောင်း သိရှိရကာ ဘုရားဖူးလာသည့်ပြည်သူများ အဆင်ပြေစေရေး မော်တော်ဆိုင်ကယ်များနှင့် မော်တော်ကားများအား ယာဉ်ရပ်နားကွင်းများ သီးသန့်ဆောင်ရွက်ပေး ထားပြီး ဘုရားဖူးပြည်သူများ၏ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး ဘုရားလုံခြုံရေးဝန်ထမ်းများနှင့် စီစီကင်မရာများ ထားရှိပေးထားကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment