မြစ်သားမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်လိုက်ကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်လိုက်ကြပြန်ပြီ




MNP ၊ ဇူလိုင် ၁၂

ယမန်နေ့ ဇူလိုင် ၁၁ ရက် ၂၃ ၀၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာအုပ်စု၊ တဲကြီးကျေးရွာ၊ စိတ္တသုခကျောင်းတိုက် မှ  ဆရာတော် ဦးကုသလ သက်တော် ၅၅ နှစ်၊  ဝါတော် ၃၅ ဝါ အား အကြမ်းဖက်သမားများက လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။ 

ဆရာတော် ကျောင်းဆောင်အတွင်းရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးသည် ဆိုင်ကယ်ဖြင့် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာပြီး ဆရာတော်နှင့်တွေ့ဆုံစကားပြောခဲ့ပြီး  လူငယ်တစ်ဦးမှ အသင့်ပါလာသည့် စိစစ်ဆဲ ပစ္စတိုဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ  ဝဲဘက်လည်ပင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး  နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်းနှင့် ဆရာတော်၏ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်အားယူဆောင်သွားကြောင်း သိရှိရသည်။

အခင်း ဖြစ်နေရာသို့ တာဝန်ရှိသူများ  သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆရာတော်ရုပ်ကလပ်အား မြစ်သားဆေးရုံသို့ မေတ္တာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)