အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေး

 


MNP - ဇူလိုင်   ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီတွင် သက်ဆိုင်ရာ ကျောင်းအသီးသီး၏ ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ ဆရာ/မများ၊ ကျောင်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့က စုပေါင်း၍ ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကန်ကြီးဒေါင့်ကုန်း ကျောင်းနှင့် အ-ထ-က (၁)ကျောင်းတို့မှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူ (၃၀၀)ကျော်အား ကိုဗစ်ကာကွယ်ဆေး (Sinopharm)ကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)