ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး

 


MNP - ဇူလိုင်   ၁၉ 


ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ လွယ်ကူ လျန်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လောက်ကျန်ကျေးရွာ ကုန်ထုတ်လမ်း(၁/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း(၁/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၅၉ ဒသမ ၉၅ သန်းဖြင့် ထူးထိပ်တန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေမှု အခြေအနေအား မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော၊ မိုင်းယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသကာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် အလေးထား ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် လမ်းဖောက်လုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား ကျေးရွာပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက လောက်ကျန်ကျေးရွာရှိ အိမ်ခြေ ၇၄၊ လူဦးရေ ၅၉၃ ဦးရှိ တောင်သူများ၏ လယ်ယာမြေဧက ၁၀၅ ခန့် သီးနှံများအား အချိန်မီ အလွယ်တကူ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


သတင်း - ခွန်ရဲထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)