လပွတ္တာမြို့နယ်တွင် ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲ (ခရိုင်အဆင့် ) ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လပွတ္တာမြို့နယ်တွင် ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲ (ခရိုင်အဆင့် ) ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်



MNP - ဇူလိုင်   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲ (ခရိုင်အဆင့်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းကို ရွေးနဒီခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြန်မာ့ကြွေးကြော်သံသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိစေရေးတို့အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ မြန်မာရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့စရိုက် အစဉ်အလာများနှင့် မျိုးရိုးဂုဏ်ရှိန်၊ ဇာတိသွေး၊ ဇာတိမာန်တို့ကို ပိုမိုမြင့်မား တင့်တယ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။


ထို့နောက်  ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲ (ခရိုင်အဆင့်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ပေးအပ်ခဲ့သည်။ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့သည့် မြို့နယ်အတွင်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့်နောက် ပြိုင်ပွဲဝင်များမှ ပါဝင်ယှဉ်ပြိုင်သည့် ဘာသာရပ်အလိုက် ဖျော်ဖြေခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)