သဘာဝမြေဩဇာ ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးကူညီခြင်းများ တိုးမြှင့်ဆောင်ရွက် သွားရန်လိုအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဘာဝမြေဩဇာ ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးကူညီခြင်းများ တိုးမြှင့်ဆောင်ရွက် သွားရန်လိုအပ်

 


MNP ၊ ဇူလိုင် ၂၈

မြေဩဇာကော်မတီ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးသီးနှံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်၊ တောင်သူများ အရည်အသွေးပြည့်ဝသော မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်က ဆက်စပ်ပြည်ထောင်စုဝန်ကြီး ဌာနများပါဝင်သော ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနကလည်း ယူရီးယား ခွဲတမ်းသတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုပံ့ပိုးရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာကို သဘာဝမြေဩ ဇာများဖြင့် တွဲဖက်အသုံးပြု၍ သီးနှံအထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးခြင်း၊ လက်တွေ့ဆောင် ရွက်ပြသခြင်း၊ ပံ့ပိုးပေးခြင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးကူညီခြင်းများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား သည်။


ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကိုတင်ပြပြီး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် သုံးသပ်ဆွေးနွေးကြသည်။


ထို့ပြင် အစည်းအဝေး၌ စိုက်ပျိုးရေး လုပ်ငန်းများတွင် ရွက်ဖျန်းမြေဩဇာအဖြစ် အသုံးပြု နေသော ပိုတက်စီယမ်နိုက်ထရိတ် ဓာတ်မြေဩဇာနှင့် ထိန်းချုပ် ဓာတုပစ္စည်းစာရင်း၌ ပါဝင်ပြီး ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ပါယူရမည့် ကွန်ပေါင်းမြေဩဇာများ ထုတ်လုပ်ရာတွင် အသုံးပြုနေသော Ammonium Chloride ဓာတ်မြေဩဇာ ထောက်ခံချက် ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြေဩဇာထုတ်လုပ်ခွင့် လျှောက် လွှာ ၁၁၅ စောင်၊ မြေဩဇာ တင်သွင်းခွင့် လျှောက်လွှာ ၂၄၃ စောင်၊ မြေဩဇာမှတ်ပုံတင် သက်တမ်းတိုးခြင်း၊ ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်း လုပ်ငန်းဆိုင်ရာများကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး မြေဩဇာကော်မတီ (၃၅) ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင် စုစုပေါင်း ၉၂၀၅ စောင်ကို ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)