MNP ၊ ဇူလိုင် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ လူထုအခြေပြုဗဟိုဌာန (Community Center)သို့ ရောက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန အတွင်းရှိ ကလေးစာဖတ်ခန်း၊ အားကစား ခန်းမ၊ စာကြည့်တိုက်၊ ကွန်ပျူတာသင်တန်းခန်းမ၊ ပြတိုက်ငယ်နှင့် ဘက်စုံသုံးခန်းမတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်၊ မြို့နယ်ဦးစီးအရာရှိများနှင့် ဝန်ထမ်းများကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မိမိတို့၏ ရည်မှန်းချက်တာဝန်ဖြစ်သည့် ပြန်ကြားပေးရန်နှင့် အသိပညာပေးရန် လုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းတာဝန်များကို ကွပ်ကဲကြပ်မတ်မှု အနည်းဆုံးဖြင့် တာဝန်သိသိ သစ္စာရှိရှိဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ခေါင်းဆောင်မှု ကောင်းမွန်စွာဖြင့် မိမိတို့၏ ရုံး၊ ဌာန လုပ်ငန်းများကို အောင်မြင် အောင်ကြိုးစား ဆောင်ရွက်ကြရန်နှင့် လူငယ်များအား အသိပညာ ဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံစေရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကြရန်တို့ကို မှာကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment