ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ခြင်းမရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ခြင်းမရှိ


MNP ၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲမှ ယနေ့ ထုတ်ပြန်ထားသည်။

လက်ရှိ လူမှုကွန်ယက်စာမျက်နှာများတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချိုတွင် ည ၈ နာရီမှ နံနက် ၄ နာရီ အတွင်း ညမထွက်မရအမိန့် ထုတ်ပြန်ထားသလို တစ်ချိုရပ်ကွက်များအတွင်း လိုက်လံကြေညာနေကြောင်း ကောလာဟလများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲမှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမတော်၊ ဗဟန်း၊ ဗိုလ်တထောင်နှင့် သန်လျင်မြိုနယ်များကိုသာ ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးကြောင်း ဇူလိုင် ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းမြိုနယ်အတွင်း နေထိုင်သူများ အနေဖြင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့်မရှိကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)