မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများစိုက်ပျိုးရန် လျာထားသောကျေးရွာများအား ကွင်းဆင်းစိစစ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများစိုက်ပျိုးရန် လျာထားသောကျေးရွာများအား ကွင်းဆင်းစိစစ်ဆောင်ရွက်



MNP - ဇူလိုင်  ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန်လျာထားသော ကျေးရွာများအားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့နံနက်(၁၀)နာရီခွဲချိန်က နားစံကျေးရွာ၌ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းဆင်းစိစစ်ရာတွင် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ၊ မြစိမ်းရောင်စီမံကိန်းနှင့် ကုန်ထုတ်လမ်းတံတားများဆောင်ရွက်ရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သမဝါ ယမဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ စိုက်ပျိုးရန်လျာထားမည့် စိုက်ခင်းများကို လိုအပ်ချက်ရှိ၊မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)