MNP - ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကျွဲ၊ နွားအရေပြား၊ အကျိတ် ရောဂါအကြောင်း ရက်သတ္တပတ်လှုပ်ရှားမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပျဉ်းမထုံးကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည်။
ထိုသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရက်သတ္တပတ်လှုပ်ရှားမှု များကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ သတ်မှတ်၍ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကျော်လင်းက မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ခွာနာ၊ လျှာနာရောဂါ၊ အရေပြား အကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါ လက္ခဏာများအား စူးစမ်းထောက်လှမ်းခြင်း၊ နမှုနာကောက်ယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ပေးပို့ခြင်း လုပ်ငန်းအသေးစိတ်များအား အသိပညာပေး ဟောပြောပြီး တိရစ္ဆာန်ကျန်းမာရေး လက်ကမ်းစာစောင်ရေ (၁၁၀) ကို ပြည်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် ဇီဝလုံခြုံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျွဲ၊ နွားပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးကို ကျွဲ၊ နွား (၃၅) ကောင်အား ထိုးနှံပေးခြင်းစသည့် ရက်သတ္တပတ် အတွင်း ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ နှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများဖြင့် ဖွဲ့စည်းထားသော အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment