MNP ၊ ဇူလိုင် ၂၇
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့ရပ်ကွက်များရှိ အမ္ဗနဒီ ရွှေ့လျှားစာကြည့်တိုက် (၈)ခု ၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စာဖတ်သူများပြားလာစေရေး အတွက် တစ်လ နှစ်စောင်ထွက်ရှိသည့်ဒို့ကျေးရွာဂျာနယ်များအားရွေ့လျှားစာကြည့်တိုက်(၈)ခုအတွက်တစ်တိုက်လျှင် (၅)လစာ နှုန်းဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမ်း မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်း နှင့်ဝန်ထမ်းက ယနေ့ နေ့လည်အချိန်က သွားရောက်လှူဒါန်းပေးခဲ့သည်။
အမ္ဗနဒီရွှေ့လျှားစာကြည့်တိုက်များကိုစာရေးဆရာ လေးဝတီ စိုးမောင်ကြည် ဦးဆောင်၍ ဦးမျိုးကျော်သက်၊ ဦးသန်းချိုနှင့် စာပေချစ်မြတ်နိုးသူ လူငယ်များက လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်ထက် မြက်၍စိတ် ကူးစိတ်သန်းနှင့်အတွေးအ ခေါ်များမြင့်မားလာစေရန်၊ စာပေအသိ မှ ဘဝအသိတိုးပွားလာစေရန် ရည် ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ် ကြောင်းသိရသည်။
အမ္ဗနဒီရွှေ့လျှားစာကြည့်တိုက်များကို အမှတ် (၃)ဈေးရပ်ကွက်၌ (၃)နေရာ၊ လေယာဉ်ကွင်းရပ် ကွက်၌(၃) နေရာ၊ဈေးတောင်ရပ်ကွက်၌(၁)နေရာ၊အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာ၌(၁) နေရာ စုစုပေါင်း(၈) နေရာဖွင့်လှစ်ထားရှိကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment