MNP ၊ ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီ ဥက္ကဌ ဦးရာဇာအေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးဝေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဖွဲ့ဝင်များ စုစုပေါင်း ပြီး ဦးဥတ္တမလမ်းမဘေး ဝဲယာနှင့်စေတီတောင်အောက် ခြေဝန်းကျင်များ၌မြက်ပင် ၊ ပေါင်းပင်၊ ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း ပလက်စတစ် အမှိုက်သရိုက်များ ကောက်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့် တို့ကို စုပေါင်းကာသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာများတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကိုအပတ်စဉ်(စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment