စစ်ကိုင်းမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ



MNP -  ဇူလိုင်   ၃

 

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှုး၍  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၃)ရဲ လေ့ကျင့်ရေးသင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ခင်မောင်လွင်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံရလျှက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သစ်တောပြုန်းတီးခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အလွန်အကျွံသစ်ထုတ်ခြင်း၊ အမြဲတမ်း စိုက်ပျိုးမြေအဖြစ် ပြောင်းလဲဖို့ သစ်တေုများရှင်းလင်းခြင်း၊ ရွေ့ပြောင်းတောင်ယာစိုက်ပျိုး ခြင်းစတဲ့ လူပ်ငန်းစဉ်များဖြစ်ကြောင်း၊ ဒါကြောင့် စီးပွားရေး၊ လူမှုရေးနဲ့သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ရေးမှာ အရေးကြီးတဲ့သစ်တောသယံဇာတတွေရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူတွေ ကောင်းစွာသဘောပေါက်ပြီး စနစ်တစ်ကျထိန်းသိမ်းကာကွယ်သွားကြရမှာဖြစ် ကြောင်း၊ အစိုးရ ဌာနများတင်မဟုတ်ပဲ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများကဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်မှာသာ အောင်မြင်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားကာ သစ်ပင်များစိုက် ပျိုးရန် တာဝန်ရှိသူများက ပျိုးပင်များအသီးသီးပေးအပ်ခဲ့ကြသည်။


သစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက ကျွန်း (၂၅၀)၊ ပျဉ်ကတိုး(၁၅၀)၊ မန်ဂျန်ရှား(၁၅၀)၊ တယ်(၁၀၀)၊ လျော်ဖြူ(၂၅၀)၊အင်ကြင်း(၅၀)၊ ယင်းမာ (၅၀)ပင်၊ စုစုပေါင်း(၁၀၀၀)ပင်တို့အား စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)