MNP - ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ၊ သရုပ်ပြပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံသစ်၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးနှင့် ဌာနဆိုရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပြီး အားကစားနည်းများအလိုက် သရုပ်ပြကစားခြင်း၊ သင်တန်းများအလိုက် အားကစားနည်းပြများအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ သရုပ်ပြအားကစားသမားများအား ဂုဏ်ပြုဆုများပေးအပ်ခြင်းနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အဆိုပါမိုးရာသီ အားကစားသင်တန်းတွင် U-16 အမျိုးသား ဘောလုံးသင်တန်း၊ U-18 အမျိုးသမီးဘောလုံးသင်တန်း၊ ပြေးခုန်ပစ်နှင့် မြန်မာ့သိုင်း အားကစားနည်းများအား အခမဲ့သင်ကြားပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူ (၈၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment