မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြား





MNP - ဇူလိုင်   ၂


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ မိုးရာသီအဆင့်မြင့် အားကစားသင်တန်းအား ဇူလိုင်လ ၁ ရက်နေမှ စတင်၍ မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၊ အားကစား ပြိုင်ပွဲရုံသစ်နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။


အဆိုပါ အဆင့်မြင့်အားကစားသင်တန်းတွင် U-16 အမျိုးသားဘောလုံးသင်တန်း၊ U-18 အမျိုးသမီး ဘောလုံး သင်တန်း၊ ပြေးခုန်ပစ်နှင့် မြန်မာ့သိုင်း စသည့်အားကစားနည်းများအား နည်းပြ များမှ သင်တန်းသား သင်တန်းသူ (၁၀၀) ခန့်အား သင်တန်းများအလိုက် စနစ်တကျလေ့ကျင့် သင်ကြားပေးလျက်ရှိပြီး မည်သူမဆို အခမဲ့ တက်ရောက်သင်ကြားနိုင်ကာ သင်တန်းကာလ အဖြစ် (၁-၇-၂၀၂၂) ရက်နေ့မှ (၁၅-၇-၂၀၂၂) ရက်နေ့ အထိ (၁၅) ရက်တိုင်တိုင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်ထံမှ သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)