ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် (၁၇) နှစ်ပြည့် ကျောင်းတိုက်နှစ်ပတ်လည်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် စာအောင်သံဃာတော်များ စာအောင်လက်မှတ် နှင့် စာအောင်ဆုများ ဆက်ကပ် လှူဒါန်းပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် (၁၇) နှစ်ပြည့် ကျောင်းတိုက်နှစ်ပတ်လည်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် စာအောင်သံဃာတော်များ စာအောင်လက်မှတ် နှင့် စာအောင်ဆုများ ဆက်ကပ် လှူဒါန်းပွဲ ပြုလုပ်


MNP ၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် (၁၇)နှစ်ပြည့် ကျောင်းတိုက်နှစ်ပတ်လည်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် စာအောင်သံဃာတော်များဂုဏ်ပြုပွဲကို ယမန်နေ့က အဆိုပါကျောင်းတိုက်ရှိ ဓမ္မဝိနယဓမ္မာရုံ၌ ပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါစရိယ မုံရွာမြို့၊ ဆူးလေကုန်းရပ်၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယာလင်္ကာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မပါရဂူကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော်အစိုးရ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲ၌ ၁၃၈၁ ခုနှစ်တွင် စာအောင်သံဃာ ၆ ပါး၊ ၁၃၈၃ ခုနှစ်တွင် တိပိဋကဓရ သဘောရေးဖြေ စာအောင် သံဃာ ၂ ပါး၊ စုစုပေါင်း ၈ ပါးတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ဆရာတော် တိပိဋကဓရ တိပိဋကကောဝိဒ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညို ကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)