နှစ်ရှည်ထောပတ်ပင်အောက်များ၌ ဝဥစိုက်ပျိုးဖြစ်ထွန်းအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်ရှည်ထောပတ်ပင်အောက်များ၌ ဝဥစိုက်ပျိုးဖြစ်ထွန်းအောင်မြင်



MNP - ဇူလိုင်   ၁၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု ထီရီးကရင်ရွာ၌ နှစ်ရှည်ထောပတ်ပင်အောက်များတွင် ဝဥများ စမ်းသပ်စိုက်ပျိုးထားပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း ထောပတ်ဥယျာဉ်ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။


“ထောပတ်နှစ်ရှည်ပင်စိုက်တာ အပင်သေးချိန်တော့ ကြားညှပ်သီးနှံစိုက်လို့ရတယ် ထောပတ် ပင်ကြီးရင် စိုက်လို့မရတော့ဘူး ထောပတ်တစ်မျိုးတည်းဆို ဝင်ငွေတစ်မျိုးဘဲရတယ် မြေနေရာက ကျဉ်းလာတော့ သီးနှံနှစ်မျိုးစိုက်မှ ဝင်ငွေနှစ်မျိုးရမယ် ဝဥကိုစမ်းစိုက်ကြည့်တယ် ယခုလိုအပင် သန်ပြီးအောင်မြင်တော့ ဝမ်းသာရပါတယ်” ဟု ထောပတ်ဥယျာဉ်ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။ ထောပတ်သီးများကို ရန်ကုန်၊ မြဝတီ၊ မန္တလေး၊ အောင်ပန်းကုန်စည်ဒိုင်နှင့် အိမ်နှီးခြင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဝဥများကို အခြောက်ခံခြင်း၊ ပိဿာချိန်များဖြင့် ရောင်းချလျက်ရှိသည်။ အရိပ်ရ နှစ်ရှည်ပင်များအောက်တွင် ဝဥများစမ်းသပ်စိုက်ပျိုးထားခြင်း ကြောင့် ဝင်ငွေနှစ်မျိုးရနိုင်ပြီး ဝဥစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အလွန်သက်သာသောကြောင့် ဝဥတူးချိန်တွင် ဝဥအရွယ်အစားကြီးမားပါက တိုးချဲ့စိုက်ပျိုးသွားမည်ဟု အဆိုပါတောင်သူက ပြောသည်။ ဝဥမျိုးများကို တစ်ပိဿာလျှင် ၉၀၀၀ ကျပ် မှ ၁၁၀၀၀ကျပ် အထိ မျိုးအရွယ် အစားပေါ်တွင်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိပြီး ဝဥကြီးများမှာ အစိမ်းတစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ၊ အခြောက်တစ်ပိတ်ဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။


သတင်း - ခွန်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)