ရဲဘော်ရဲဘက်များအပေါ် ရက်စက်ယုတ်မာခဲ့သည့် မိုးသီးဇွန် ဘယ်လိုလူလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရဲဘော်ရဲဘက်များအပေါ် ရက်စက်ယုတ်မာခဲ့သည့် မိုးသီးဇွန် ဘယ်လိုလူလဲ


MNP ၊ ဇူလိုင် ၂၇

၈၈ ကာလတွင် တောခိုခဲ့ပြီး လက်နက်ကိုင်လမ်းစဉ်ကို ဦးဆောင်ခဲ့သူ မိုးသီးဇွန်မှာ ကျောင်းသား၊ ကျောင်းသူများကို သူလျှို၊ ထောက်လှမ်းရေးဟု စွပ်စွဲပြီး ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၎င်း၏ ရက်စက်ယုတ်မာမှုများအတွက် ကျောင်းသား၊ ကျောင်းသူများ၏ မိသားစုဝင်များက ယနေ့တိုင် တရားမျှတမှုအတွက် တောင်းဆိုနေကြဆဲဖြစ်သည်။

ဦးသိန်းစိန် အစိုးရလက်ထက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများက တရားစွဲဆို အရေးယူပေးရန် တောင်းဆိုခဲ့ကြရာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ပြေးတိမ်းရှောင် သွားခဲ့ရသည်။

ယခု အခါ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဂျင်မီနှင့် ဇေယျာသော်တို့အား သေဒဏ်စီရင်လိုက်ပြီးနောက် နိုင်ငံရေးလှုံ့ဆော်မှုများ ပြန်လည်လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။

မိုးသီးဇွန်၏ လုပ်ရပ်များနှင့် ပတ်သက်၍ သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက "ဂျင်မီတို့ ဇေယျာသော်တို့ကို သေဒဏ်စီရင်လိုက်တာနဲ့ ပတ်သက်ပြီး မိုးသီးဇွန် က လောကပါလတရားဆိတ်သုဉ်းသွားပြီ ဆိုတဲ့စကားကို ပြောလာတော့ ရယ်ချင်မိတာ။ ဒီလူပြောနေတဲ့ပုံစံကို ကြည့်ပါ။ ခံစားချက်မပါဘူး။ အပေါ်ယံ ပြောနေတာ။ ဝမ်းနည်းပြနေတာ။ တကယ်တော့ မိုးသီးဇွန် က ဂျင်မီတို့ ဇေယျာသော်တို့ထက် ပိုပြီး ရက်စက်ယုတ်မာတဲ့သူပဲ။ အာဏာရှင်တော်လှန်ရေးအတွက် ဝင်လာတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်းများစွာ သတ်ဖြတ်ခဲ့တဲ့သူဖြစ်တယ်။ တကယ်တော့ သူဟာ ဂျင်မီ၊ ဇေယျာသော်တို့လို ကြိုးစင်ပေါ် တက်သင့်တဲ့သူပဲ။ ဦးသိန်းစိန် လက်ထက် မြန်မာပြည်ပြန်လာတုန်းက သူ့ကို ဝိုင်းလုပ်ကြမလို့။ ပြန်ပြေးခဲ့ရတာ။" ဟု ပြောသည်။

ဂျင်မီ နှင့် ဇေယျာသော်တို့ သေဒဏ်စီရင်ခြင်းခံရပြီးနောက် နိုင်ငံရေးလှုံ့ဆော်မှုများ ပြန်လည်လုပ်ဆောင်နေသည့် မိုးသီးဇွန်မှာ မယား ၂ယောက် ရှိကြောင်း သူ၏ တရားဝင်မယားက ရေးသားပြောဆိုထားသည်ကို တွေ့ရသည်။

မိုးသီးဇွန် ၏ တရားဝင် မယားက သူ၏ facebook စာမျက်နှာမှ "မမရေ မမနဲ့ ကျွန်တော် က လင်  ညီအမ ပေါ့။ တလင်ထဲပေါင်းပြီး လစ်ဘရာယ်ဆန်ဆန် ဖလှယ်ကြတာပေါ့။ မမ ဆီ ရောက်ရင် မမလင်၊ ကျွန်တော့်ဆီရောက်ရင် ကျွန်တော့် လင်။ အိုကေ နော်၊ မမ က လူမသိအောင် တိတ်တိတ် ကုန်း၊ ကျွန်တော် က လူသိရှင်ကြား ကုန်း" ဟု ရေးသား ပြောဆိုထားသည်ကို တွေ့ရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)