ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ ကျေးရွာများသို့အရောက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ ကျေးရွာများသို့အရောက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး


MNP - ဇူလိုင်  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အမှတ်(၂၇) ရေတပ်လေ့ကျင့်ရေးတပ်၊ စိုက်ခြံနှင့်မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက် ရဲစခန်းရှေ့၌ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းကြောင့် ကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ပိုမိုခံစားရရှိကြပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိသည့်အတွက် ကုန်ကျစရိတ်လည်း များစွာ သက်သာလျက်ရှိကြောင်း သိရသည်။


ထိုသို့ရောင်းချခြင်းကို အင်္ဂါ၊ ကြာသပတေးရက်များ၌ ရပ်ကွက်အလိုက် အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးနှုန်းသက်သာ၍ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးရသည့်အတွက် မိဘပြည်သူများ၊ ဝန်ထမ်းများမှလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)