ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ



MNP - ဇူလိုင်  ၁၉


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါ တက္ကသိုလ် အားကစား ခန်းမ၌ ကျင်းပကြောင်း သိရသည်။


အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင်  ဓာတုဗေဒအသင်းကို ဘူမိဗေဒအသင်းက နှစ်ပွဲပြတ် ကစား၍ အနိုင်ရ ဗိုလ်စွဲသွားသည်။ ထို့နောက်ရွှေဘိုတက္ကသိုလ် ပိုက်ကျော်ခြင်းကော်မတီသို့ အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နိုင်နိုင်ဝင်းက ခြင်းလုံးများကို ထောက်ပံ့ပေးအပ်ရာ၊ ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌဒေါက်တာမြင့်ဆန်းဝင်းက လက်ခံရယူခဲ့သည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ  တတိယဆုရရှိသော သမိုင်းအသင်းအား ဆုငွေနှင့်ဆုတံဆိပ်များကို ၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာအောင်က လည်းကောင်း၊ ဒုတိယဆု ရရှိသော ဓါတုဗေဓအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ဆုငွေများကို၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝါဝါထွန်းက လည်းကောင်း၊  ပထမဆုရရှိသော ဘူမိဗေဒအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပါမောက္ခဒေါက်တာတင်တင်ဖြိုးကလည်းကောင်း၊ ပထမဆုရရှိသော ဘူမိဗေဒအသင်းအား တံခွန်စိုက်ဒိုင်းဆုကို ဒုပါမောက္ခချုပ်ဒေါက်တာတင်တင်ရီက လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)