မင်းလှမြို့နယ်၌ ရှမ်းတပ်နယ်မြေမီးသတ်စခန်း အဆောက်အဦဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ရှမ်းတပ်နယ်မြေမီးသတ်စခန်း အဆောက်အဦဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ



MNP - ဇူလိုင်   ၁၀


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင်         ရှမ်းတပ်နယ်မြေမီးသတ်စခန်း အဆောက်အဦဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီက ရှမ်းတပ်ကျေးရွာ မီးသတ်နယ်မြေစခန်း မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။


မင်းလှမြို့နယ်၌ နယ်မြေမီးသတ်စခန်း အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းနှင့် တာဝန်ရှိသူများက ရှမ်းတပ်နယ်မြေ မီးသတ်စခန်းအဆောက်အဦ RCC(၂) ထပ်ဆောက်လုပ်ရန်အတွက်      သတ်မှတ်ထားသည့် နေရာများတွင် ပန္နက်တိုင်များအား အသီးသီးစိုက်ထူခဲ့ကြသည်။


အဆိုပါ ရှမ်းတပ်နယ်မြေမီးသတ်စခန်း RCC(၂)ထပ် အ‌ဆောက်အဦသစ် တည်ဆောက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၈၃.၇၅)သန်းဖြင့် အ‌ဆောက်အဦအလျား  (၄၅)ပေ၊ အနံ (၅၀)ပေ၊ အမြင့်(၂၆)ပေ ရှိပြီး Silver Net ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)