မိုးစပါးစိုက်ခင်းများ ရေလုံလောက်စွာရရှိရေး ကြိုတင်ဆောင်ရွက်ထားနိုင်ရေး အသိပညာပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးစပါးစိုက်ခင်းများ ရေလုံလောက်စွာရရှိရေး ကြိုတင်ဆောင်ရွက်ထားနိုင်ရေး အသိပညာပေးခြင်းများဆောင်ရွက်

 


MNP - ဇူလိုင်   ၃၁


ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ပြီး မိုးစပါးစိုက်ခင်းများအတွင်း ရေလုံစွာမ ရရှိသည့်အတွက် ရေရရှိရေးကြိုတင် ဆောင်ရွက်ထားနိုင်ရန် ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများသို့ နှိုးဆော်အသိပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့်အစည်းအဝေးတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ အသိပေးနှိုးဆော်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ရာသီဥတု ပြောင်းလဲလာမှုကြောင့် မိုးခေါင်ပြီး မိုးစပါးစိုက်ခင်းများအတွင်း ရေလုံလောက်စွာ ရရှိရေးအတွက် ရေရရှိရေးကို ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း ကမိုးစပါးစိုက်ခင်းများ မပျက်စီးရေး အတွက်ရေရရှိရေးနှင့် စနစ်တကျရေထိန်းသိမ်းရေးများကို ဆွေးနွေးပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသည်။


တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါး (၆၈၄၀၂)ဧက စိုက်ပျိုးရန်လျာထားထားသော်လည်း မိုးခေါင်မှုကြောင့် (၄၀၂၅၀)ဧကသာ စိုက်ပျိုးပြီးဖြစ်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၅၈.၈၄)ရာခိုင်နှုန်းသာရှိကြောင်း၊ စိုက်ပျိုးပြီးကွင်းများတွင်လည်း မိုးခေါင်မှုကြောင့် မြေကြီးများပက်ကြားအက်များဖြစ်ပေါ်နေ၍ စိုက်ခင်းများအတွင်း ရေသွင်းရန်လိုအပ်လျက်ရှိကြောင်း၊ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းရန် အတွက် မိုးရေချိန်လက်မ (၁၈၉)ခန့်လိုအပ်ကြောင်း၊ ယခုနှစ်တွင် လက်ရှိအချိန်အထိ တောင်ကုတ်မြို့နယ်၌ မိုးရွာသွန်းရက်(၇၃)ရက်ရှိပြီး မိုးရေချိန်လက်မ(၇၁.၁၉)သာရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)