MNP - ဇူလိုင် ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှကျေးရွာမြစိမ်းရောင်(ငါးကဏ္ဍ) ဆဋ္ဌမနှစ်စက်ဝန်း ချေးငွေများကိုအတိုးအရင်းပေးဆပ်ပြီးဖြစ်၍ ပြန်လည်ချေး ငွေထုတ်ပေးပြီး စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါချေးငွေထုတ်ချေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဝင်းက ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များကိုရှင်းလင်းဆွေးနွေးပြီး တော်ကလုတ်ကျေးရွာနေ ငါးမွေးမြူသူ ၁၃၇ ဦးအား စုစုပေါင်းကျပ်ငွေ ၆၂၆၀၀၀၀၀ အားပြန်လည်ထုတ်ချေးပေးခဲ့ပြီး စာချုပ်ချုပ်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
သတင်း - အိသန္တာချို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment