ရုရှားသမ္မတ ပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ယူကရိန်းအကျပ်အတည်းနှင့် နှစ်နိုင်ငံ စီးပွားရေး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားသမ္မတ ပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ယူကရိန်းအကျပ်အတည်းနှင့် နှစ်နိုင်ငံ စီးပွားရေး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး



မော်စကို၊ ဇူလိုင် ၂ 

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမီယာ ပူတင်သည် ယူကရိန်းအကျပ်အတည်း၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးကွက်နှင့် နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုဆိုင်ရာအကြောင်းအရာများကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ဇူလိုင် ၁ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ယူကရိန်းနှင့် ၎င်း၏ “အနောက်နိုင်ငံ ပံ့ပိုးသူများ”က ယူကရိန်းအကျပ်အတည်း အရှိန်မြှင့်တင်နေခြင်းဖြစ်ပြီး သံတမန်ရေးအရ ဖြေရှင်းမည့်အားထုတ်မှုများကို နှောင့်ယှက်ဖျက်ဆီးနေသည်ဟု ပူတင်က ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်၏ထုတ်ပြန်ချက်အရ သိရသည်။ 

မိုဒီက အကျပ်အတည်းဖြေရှင်းရာ၌ အိန္ဒိယအနေဖြင့် တွေ့ဆုံဆွေးနွေးမှုနှင့်သံတမန်ရေးရပ်တည်ချက်ကို အစဉ်အားပေးကြောင်း ထပ်မံအလေးထားပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နှစ်ဖက်ခေါင်းဆောင်များက ရုရှားနှင့်အိန္ဒိယကြား အခွင့်ထူးခံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် ကတိကဝတ်များကို ထပ်မံအလေးထားပြောကြားခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေးဆက်ဆံမှုများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။ 

လက်ရှိကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်သည် “အချို့သောနိုင်ငံများ၏ စနစ်တကျ မှားယွင်းအောင် လုပ်ဆောင်မှု” ကြောင့်ဖြစ်ပြီး ၎င်းမှာ လွတ်လပ်သော စားနပ်ရိက္ခာထုတ်ကုန်များ ကုန်သွယ်မှုကို ရှုပ်ထွေးစေသလို ကုန်ဈေးနှုန်းမြင့်မားလာစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပူတင်က ဆိုသည်။ 

 “တရားမဝင် ရုရှားဆန့်ကျင်ရေး ပိတ်ဆို့မှုများ”ကြောင့် ပိုမိုရှုပ်ထွေးလာစေသည့် ခက်ခဲသောအခြေအနေများရှိသော်ငြားလည်း ရုရှားနိုင်ငံသည်  အခြားနိုင်ငံများအကြား အိန္ဒိယရှိ မိတ်ဖက်များထံ ကောက်ပဲသီးနှံများ၊ ဓါတ်မြေဩဇာနှင့် စွမ်းအင် ပေးပို့မှုဆိုင်ရာ ယုံကြည်စိတ်ချရသော ထုတ်လုပ်သူနှင့် ပံ့ပိုးသူဖြစ်နေဆဲပင် ဖြစ်ကြောင်း ပူတင်က ကြေညာချက်တွင် ပြောကြားထားသည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)