စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ ဧကူန ဝီသတိမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ ဧကူန ဝီသတိမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်



MNP - ဇူလိုင်   ၁၂


စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ ဧကူန ဝီသတိမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရား သူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာ မြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရုဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကာ ဥပါသကာများက ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်တို့အား သံဃာတော်အရှင် သူမြတ်များထံ ဆက်ကပ်ကြသည်။


ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက သာသနာ့ နွယ်ဝင် သီလရှင်ဆရာကြီးများအား ဝတ်ရုံအထည်များ ဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက  အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု “ သုံးကြိမ်ရွတ်ဆို ဆုတောင်း ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ယခုလှူဒါန်းဆက်ကပ်သည့် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်(၂၅၁)တိုက်၌ ဝါဆိုဝါကပ်တော် မူကြသောသံဃာ(၂၁၈၇)ပါးတို့အား ဝါဆိုသင်္ကန်း(၂၁၈၇)စုံနှင့် သီလ ရှင် ကျောင်း(၄၁)ကျောင်းတို့မှ  သီလရှင်ဆရာကြီး (၉၈၉)ပါးတို့အား သီလရှင်ဝတ်စုံ (၉၈၉)စုံနှင့် ယင်းမာပင်မြို့နယ် ရွှေတောင် ဦးတိပိဋက ဓမ္မပါလမဟာဝီဟာရ ကျောင်းတိုက်မှ ရဟန်း(၃၇)ပါး၊ တောင်တန်းသာသနာပြု ဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသများမှ သာသနာ ပြုရဟန်း (၁၁၂)ပါး၊ သီလရှင်(၁၀)ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်းဖြစ်ရာ ယခု လှူဒါန်းမှုစုစုပေင်းမှာ ဝါဆိုသင်္ကန်း(၂၃၃၆)စုံနှင့် သီလရှင်ဝတ်စုံ (၉၉၉)စုံ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် (၆၉၆၃၇၀၀ဝိ/ ခြောက်ရာကိုးဆယ်ခြောက်သိန်း သုံးသောင်းခုနှစ်ထောင်)ကျပ်အား စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)