MNP - ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မသန်စွမ်းသူများ အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက် ကျန်စစ်သားအိမ်ရာ ဈေးလေးမှတ်တိုင် မာရ်အောင်ဓမ္မာရုံတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့မသန်စွမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုယ်အင်္ဂါပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ၊ အာရုံခံစားမှုပိုင်းဆိုင်ရာ (ကြားသိ၊ အပြော၊ အမြင်)များ အာရုံခံစားမှုပိုင်းဆိုင်ရာတွင် စကားပြောခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ၊ အခြားတစ်ခုခုတို့တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ပေးသည်။
“မသန်စွမ်းများဖွံ့ဖြိုးတိုးတက်ဖို့အဆင့်သတ်မှတ်ခြင်းနှင့်မှတ်ပုံတင်ကြစို့” ဆောင်ပုဒ်အတိုင်း မသန်စွမ်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို မိမိတို့၏ သဘော ဆန္ဒအလျောက် လျောက်ထားနိုင်ကြောင်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း အမှတ်(၆)ရပ်ကွက် မာရ်အောင်ဓမ္မာရုံ၌ မသန်စွမ်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းတွင် စုစုပေါင်း လူဦးရေ(၈၇)ဦး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းကို မသန်စွမ်းဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်ထံမှ သိရသည်။
သတင်း - ခင်ဝင်းမူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment