သထုံမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်း



MNP ၊ ဇူလိုင်  ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်၊ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး ခန်းမ၌ ပြုလုပ်သည်။

မိတ်ဆက်ရှင်းလင်းပွဲတွင် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမိုးဝင်းက လုပ်ငန်းများဆောင်ရွက်ပေးရသည့်ရည်ရွယ်ချက်နှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ကြစေရေးတို့ကိုရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမြင့်နိုင်ဦးက တင်ဒါအောင်ကုမ္ပဏီများလိုက်နာရမည့် စည်းကမ်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းများတို့ကို ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများနှင့်  တင်ဒါအောင်ကုမ္ပဏီတို့မှ တာဝန်ရှိသူတို့အားမိတ်ဆက်ပေးသည်။

ယင်းနောက် တင်ဒါအောင်ကုမ္ပဏီများက လုပ်ငန်းများ ကဏ္ဍအလိုက်ဆောင်ရွက်မည့်အခြေအနေများကို ချပြရှင်းလင်းရာ ကျေးရွာအလိုက် ဖွံ့ဖြိုးရေးကော်မတီဝင်တို့က ကျေးရွာ၏အခြေအနေနှင့် လိုအပ်ချက်များတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ‌ခွင့်ပြုရံပုံငွေဖြင့် ဒင်္ဂါးဆိပ်ကျေးရွာ၌ အရှည် ၁ မိုင် ၆ ဖာလုံကျော်ရှိ ဂဝံနှင့်မြေသားကုန်ထုတ်လမ်း တစ်လမ်း၊ ဇရစ်ချောင်နှင့် ထောင်မှူးကျေးရွာတို့၌ ကျေးလက်ရေးပေးရေးလုပ်ငန်း ‌လေးခုတို့ကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၃၆.၃၄ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီ ၄ ခုတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)