MNP ၊ ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)ထိကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျောင်းစုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရာတွင် ဆေးထိုးနှံခြင်းမပြုမီ ကျောင်းအုပ်ကြီးများနှင့်အတန်းပိုင် ဆရာ/ဆရာမများမှ စာရင်းပြုစုရေးသွင်းမှတ်တမ်းတင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုးရန်ရောက်ရှိလာကြသော ကျောင်းသား/ကျောင်းသူ ကလေးများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ပုံမှန်အခြေအနေရှိမှာသာလျှင် ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူများကို မိနစ် ၃၀ ခန့်အနားယူစေကာကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment