နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး





MNP ၊ ဇူလိုင်  ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသောင်းဟန်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့်  တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေ အနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက အားကစားဝင်းဆိုင်ရာအချက်အလက်များနှင့် သမိုင်း အကျဉ်း၊ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန် မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ အားကစားကွင်း အဆင့်မြှင့်တင် ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ အားကစားကွင်း အဆင့် မြှင့်တင်ရာတွင် အားကစားပရိတ်သတ်များ အားကစားကွင်းအတွင်း ဝင်၊ ထွက် သွားလာမှု အဆင်ပြေစေရန်အတွက် Under Pass နှင့် Over Pass များ လျာထား ဆောင်ရွက်ထားရှိမှု၊ ပရိသတ် ၃၀၀၀ ဆန့် မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရန် လျာထားမှု အခြေအနေများ၊  လျာထားအားကစားဝင်း ပုံစံများကို powerpoint presentation များ၊ အထူးပြုလုပ်ချက် Video Clip များဖြင့် ရှင်းလင်း တင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က အောင်ဆန်းအားကစားပြိုင်ဝင်းကြီးသည် အမည်အရသော်လည်း ကောင်း၊ အစဉ်အလာအရသော်လည်းကောင်း၊ သက်တမ်းအားဖြင့်သော်လည်းကောင်း သမိုင်းရှိသည့် အားကစားကွင်းကြီးဖြစ်သကဲ့သို့ မြန်မာ့အားကစားအောင်မြင်မှု စတင်ခဲ့ သည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ရှိပြီးသား အစဉ်အလာကောင်း များကို  ထိန်းသိမ်းပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြှင်တင်ဆောင်ရွက်၍ နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ ရည်ရွယ်တည်ဆောက် ရန်လိုကြောင်း၊ အဓိက အားကစားကွင်းကြီးအတွင်း အားကစားနည်း ၈ မျိုးကို နိုင်ငံ တကာအဆင့်မီ ယှဉ်ပြိုင်ကျင်းပပေးနိုင်ရေး စနစ်တကျ ထည့်သွင်းတည်ဆောက်ရ မည်ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရန်နေရာများနှင့် Public Area များ စနစ်တကျ ဖော် ဆောင်ပေးနိုင်ရန်လည်း တွက်ချက်စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်မှုများ မရှိစေရေးနှင့် ရေရှည် တည်တံ့မှု ရှိစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီးဌာနအသီးသီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ ပေါင်းစပ်ညှိနှိုင်း တိုင်ပင် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အားကစားကွင်း ပုံစံငယ်ပြုလုပ်ထားရှိမှုကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်ဆန်းအားကစားဝင်းအား မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေး၍ မိုးလုံလေလုံ အားကစားရုံအား ကြည့်ရှုစစ်ဆေး သည်။


အဆိုပါ အောင်ဆန်းအားကစားဝင်းအား ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး မူလအမည်မှာ BBA (Burma Athletic Association Ground) ဖြစ် ကြောင်း၊  လူစည်ကားသော ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဆိုင်ရာ အားကစားပြိုင်ပွဲများအပြင် အထူးတလည်အမှတ်တရဖြစ်စေသော ပြပွဲဖြစ်သည့် ရေခဲပေါ်မှ အားလပ်ရက်နေ့(Holiday on Ice) ခေါ် ရေခဲပြင်ပြပွဲကြီးအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊  ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မူလအမည် BBA (Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစား ပြိုင်ဝင်း အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းအစဉ်အလာရှိသည့် အားကစား ကွင်းကြီး ဖြစ်သည့်အတွက် ယခင်ကကဲ့သို့ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများကို အဆင့်အတန်းမီစွာဖြင့် လက်ခံကျင်းပ ပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်းကြီးအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက အဓိက အားကစားကွင်း ကြီးတွင် ပရိသတ်ဦးရေ ၃ သောင်းကျော်ခန့်အထိနှင့် မိုးလုံလေလုံ အားကစားရုံမှာလည်း ပရိသတ် ၃၀၀၀ ဦး ဝင်ဆန့်နိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)