နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ





MNP ၊ ဇူလိုင် ၁၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့     နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက်လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှု ကာလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ် အေလာရှိ ပြည်လုံးချမ်းသာ ဆန်စက်နှင့်ဆီစက်တို့သို့ သွားရောက်၍ လုပ်ငန်းလည်ပတ်မှု ကုန်ကြမ်းရရှိမှုနှင့် ထွက်ရှိလာသည့် ပစ္စည်းများအား အသုံးပြုမှု စသည်တို့ကိုကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အေလာဒေသရှိ ဆန်စက်နှင့်ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသထုတ်ကုန် တိုးမြှင့်ရေးနှင့် အရည်အသွေးမြင့်မားရေးတို့အတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုး သန့်များစိုက်ပျိုးကာ ဈေးကောင်းရရှိစေရေးတို့အတွက် ဒေသခံတောင်သူများ၊ လုပ်ငန်းရှင်များ နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဦးဝင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာလှမျိုးသန့်တို့က ဒေသတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် စပါးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ နေကြာနှင့် အခြားဆီထွက်သီးနှံများအား အထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းမွန်စေရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာများ ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ဆန်စက်နှင့်ဆီစက်တို့မှ ထုတ်ကုန်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာပြုလုပ်နိုင်ရေး စသည်တို့ကို ရှင်းလင်း ဆွေးနွေးသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ဆန်စက်နှင့်ဆီစက်လုပ်ငန်းရှင်များက လုပ်ငန်းများ ယခုထက်မက ထုတ်လုပ်နိုင်ရန်၊ တိုးချဲ့နိုင်ရန်အတွက် အတိုးငွေအနည်းငယ်ဖြင့် ချေးငွေများရရှိရေး၊ တစ်နှစ်ပတ်လုံး ကုန်ကြမ်းမပြတ်စေရန် ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆန်စက်နှင့်ဆီစက် လုပ်ငန်းရှင်များအသင်း ထူထောင်ခွင့် ရရှိစေရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)