MNP ၊ ဇူလိုင် ၁၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်မှုနှင့် ပြည်သူလူထုပညာပေးပိုစတာ စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဒေသနွားများ ကို သွေးဖောက်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာ သက်နိုင် နှင့် ဝန်ထမ်းများ၊ကျေးလက်တိရစ္ဆာန် ကျန်းမာရေး လုပ်သားများသည် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် အစီအစဉ်ဖြင့် ပိုစတာများစိုက်ထူခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ရောဂါစူးစမ်းထောက်လှမ်းခြင်းနှင့် ထောင့်သန်းရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ညောင်ကုန်းကြီး ကျေးရွာ၌ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment