အောင်တော်မူစေတီကြီး၏ ရွှေထီးတော် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး ဆွေးနွေးညှိနှိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်တော်မူစေတီကြီး၏ ရွှေထီးတော် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး ဆွေးနွေးညှိနှိုင်း

 



MNP - ဇူလိုင်   ၂၅


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် အသစ်တည်ထားပူဇော်သည့် ဉာဏ်တော် ၁၀၈ ပေရှိသော အောင်တော်မူ စေတီတော်ကြီး၏ အမြင့် ၁၈ ပေ အချင်း ၆ ပေရှိ ရွှေထီးတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းနှစ်လွှာ ဆက်ကပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်တော်မူဓမ္မာရုံ၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကာ အောင်တော်မူစေတီတော် တည်ဆောက်ရေးကော်မတီ သြဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တကုသလ (ကိုင်းကုန်းပရိယတ္တိစာသင်တိုက်)နှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကောလိယ (ဘုရားကြီးကျောင်းတိုက်)တို့က သြဝါဒကထာ မြွက်ကြားကြသည်။


ယင်းနောက် အခမ်းနားသို့ တက်ရောက်လာကြသည့် တန့်ယန်းခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့မိမြို့ဖ ဦးစိုင်းမြင့်ဆွေနှင့် တာဝန်ရှိသူတို့က အောင်တော်မူစေတီတော်ကြီး၏ အမြင့် ၁၈ ပေ အချင်း ၆ ပေရှိ ရွှေထီးတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းနှစ်လွှာ ဆက်ကပ် လှူဒါန်းနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။    


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)