စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်လှစ်ပို့ချ




MNP - ဇူလိုင်   ၃


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ) ၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ပို့ချကြောင်း ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။


စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)မှာ တက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူများကို ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်ပို့ချတာဖြစ်ပါတယ်။ ဖွင့်လှစ်ပို့ချတဲ့ ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြဋ္ဌာန်းပေးထားတဲ့ သင်ရိုးညွှန်တမ်းပါ ရှေးဦးပြုစုခြင်း အခြေခံပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးတာပါ။ လူနာကိုရှေးဦးပြုစုခြင်း၊ လူနာအဆင့်ခွဲခြားသတ်မှတ်ခြင်း၊ ထမ်းစင်ဖြင့် လူနာသယ်ဆောင်နည်း ၊ ဒဏ်ရာအမျိုးမျိုးကို ပတ်တီးစည်းနည်းစတဲ့ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံပညာရပ်များ ပါဝင်ပါတယ်ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။


အဆိုပါ စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)၌ ဖွင့်လှစ်ပို့ချသော ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်းတွင် သင်တန်းသားသင်တန်းသူစုစုပေါင်း ၂ဝဝ ဦးတက်ရောက်ပြီး သင်တန်းအား ဇူလိုင်လ ၂ ရက်နေ့မှ ၄ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)