MNP ၊ ဇူလိုင် ၈
ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၃)နာရီက ပေါက်တောမြို့ရှိ အ.ထ.က-ပေါက်တော ၊ ရွှေဘန်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးမြမင်းထွန်း က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည့် များကို မေးမြန်းကြရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် မြို့နယ်အားကစားမှူး ဦးမြမင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်၊ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် မြို့မိမြို့ဖဦးထွန်းလှမောင်တို့က အားကစားပစ္စည်းများ လှူဒါန်းရာ အ.ထ.က-ပေါက်တောမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းက လက်ခံသည်။ ဆက်လက်ပြီး ရွှေဘန်းခန်းမအတွင်းကာယနည်းပြဆရာမနှင့်အတူ စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment