မုဒုံမြို့၌ လက်ရက်ကန်းဖဲနှတ်ကောက် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ လက်ရက်ကန်းဖဲနှတ်ကောက် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်  ၂၇


အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီက လက်ရက်ကန်းဖဲနှတ်ကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ရက်ကန်းကျောင်းအနေဖြင့် အသက်မွေးပညာသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးနေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာက ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပညာရပ်များကိုလည်း အခြေခံပညာအလယ်တန်းအဆင့်  တက်ရောက်ပြီးသူတိုင်းအား  ရက်ကန်းအတတ်ပညာ၊ စက်ချုပ်ပညာ စသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို  တတ်မြောက်အောင် သင်ကြားပို့ချပေးခြင်းကြောင့် မိမိတို့ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ရက်ကန်းပညာရပ်သည် မိရိုးဖလာ လုပ်ငန်းတစ်မျိုးဖြစ်သောကြောင့် ဒေသတွင် တိမ်ကောပပျောက်မှုမရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာအောင် ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းကို သင်တန်းနည်းပြဆရာကြီး နှစ်ဦးက အထည်ဒီဇိုင်းများပေါ်တွင် အပွင့်များဖော်၍ ဖဲနှတ်ကောက်ခြင်း၊ ကချင်ဒီဇိုင်းဖဲနှတ်ကောက်ခြင်းနှင့် မွန်ရိုးရာဒီ


ဇိုင်းဖဲနှတ်ကောက်ခြင်း ပညာရပ်များကို တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကာ ကျေးလက်နေပြည်သူ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - အောင်မျိုးသူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)