ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက်ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်ရင်း၊တပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက်ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်ရင်း၊တပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ယနေ့နံနက် (ရး၃၀) နာရီအချိန်က ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း  လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များပူးပေါင်း ၍စနစ်တကျစုပေါင်းသန့်ရှင်းရေးများဆောင် ရွက်ခဲ့ကြသည်။

 

 အဆိုပါစုပေါင်းသန့်ရှင်းရေးရှင်းလင်းဆောင် ရွက်မှုကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ  မှအနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ဘူးသီးတောင်တပ်နယ်မှတပ်မတော်သားများ၊မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကျောင်းအတွင်း၌ အမှိုတ်သရိုက်များရှင်းလင်းခြင်း၊ပလပ်စတစ်အိတ်ခွံများ၊ သစ်ခြောက် သစ်ရွက်များနှင့် ခြုံနွယ် မြက်ပင်များအားစုပေါင်း ခုတ်ထွင်ရှင်းလင်းကြပြီး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များစုစုပေါင်းအင်အား ( ၂၂၀)ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ပူးပေါင်းဆောင်ရွက်နေမှုကိုဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များမှကြည်ရှူ့ကာ အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)