အ.ထ.က နောင်ဘိုကြီးကျောင်း၌ အသက်(၅)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ)အကြိမ်တွင် (၂၁၅)ဦး ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အ.ထ.က နောင်ဘိုကြီးကျောင်း၌ အသက်(၅)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ)အကြိမ်တွင် (၂၁၅)ဦး ထိုးနှံပေး

 


MNP - ဇူလိုင်  ၂၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် (၅)နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေ ရန်နှင့် စိတ်‌အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရန် ရည်ရွယ်၍ အ.ထ.က နောင်ဘိုကြီးကျောင်း၌  ဒုတိယအသုတ် (ပထမ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ဆေးထိုးစုရပ်ဖြစ်သည့် အ.ထ.က နောင်ဘိုကြီးကျောင်းတွင် အသက်(၅)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း (၇၃၅)ဦး ရှိပြီးဖြစ်ကြောင်း၊ ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုစုရပ်ဖြစ်သည့် အ.ထ.က နောင်ဘိုကြီးကျောင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ထိုးနှံနိုင်ရေးအတွက် ဒုတိယအသုတ် (ပထမ)အကြိမ် ကွင်းဆင်းထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၅)ဦး ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။


‌အဆိုပါ ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ‌ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ် ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေ လွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာ‌ပေးခြင်း၊ သွေးတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏတိုင်း တာ‌ပေးခြင်း လုပ်ငန်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။


 သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)