MNP ၊ ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုး ခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားကိုယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ ဇဟာကျေးရွာရှိ တောင်သူဦးအောင်နေစိုး ၏ မိုးစပါးစိုက်ခင်း၌ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးရာသီ တွင်မိုးစပါး ( ၂၂၃၇၄၂ ) ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယခု ဇွန်လကုန်အထိ( ၁၆၄၂၅ ) ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ပါ ကြောင်း၊ ယခုလိုမိုးစပါး စိုက်ပျိုးနေသောအချိန်ကာလတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက် ကောင်း သည့်ရလဒ်ကောင်းများရရှိနိုင်မှာဖြစ်ပါကြောင်း၊မိုးစပါးစိုက်ပျိုးနည်းစနစ်များစွာရှိသည့်အနက်ကောက်စိုက် စက် ဖြင့် စိုက်ပျိုးခြင်းသည် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်း၊အလုပ်သမားရှားပါးမှုပြဿာနာ ဖြေရှင်းနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါကြောင်း၊ စိုက်နည်းစနစ်များစွာရှိသောကြောင့် တိုင်းဒေသကြီး၏ရေမြေရာသီဥတု နှင့် လယ်မြေများ၏ တည်ရှိမှု ပုံသဏ္ဍာန်များအရ မိမိတို့ ရေမြေရာသီဥတုနှင့် ကိုက်ညီသင့်လျော်သော နည်းစနစ်များကို ကျင့်သုံးဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲပြီး မြေယာပြုပြင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချွေလှေ့သိုလှောင်အချိန်ထိ စက်ကိရိယာများ သုံးစွဲဆောင်ရွက်ရန် မဖြစ်မနေ လိုအပ် လာပြီးဖြစ်ကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်ပေါင်းစုံမှတွန်းအားပေး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် အမြဲမပြတ်ဆက်သွယ် ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် သွင်းအားစုဆိုင်ရာ လိုအပ်ချက်များ ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းနည်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်ဆင့်ကမ်းရယူလျက်မိမိတို့စိုက်ပျိုးထားရှိသောသီးနှံများ၏တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းထိုက် က မိုးစပါးစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်း တင်ပြပြီးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ထွေး စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နှင့် တာဝန်ရှိသူများ က တောင်သူများအား အိမ်ခြံဝန်းဟင်းသီးဟင်းရွက် များ စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီးတောင်သူဦးအောင်နေစိုး၏ မိုးစပါး စိုက်ခင်း၌ ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးနေမှုအားလည်းကောင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်နေမှုအား လည်းကောင်းကွင်းသရုပ်ပြပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment