ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP - ဇူလိုင်   ၃၀


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ယနေ့နံနက်(၇:၃၀)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စနစ်တကျ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။


အဆိုပါစုပေါင်းသန့်ရှင်းရေး ရှင်းလင်းဆောင်ရွက်မှုကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဘူးသီးတောင်တပ်နယ်မှ တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းအတွင်း၌ အမှိုတ်သရိုက်များ ရှင်းလင်းခြင်း၊ ပလပ်စတစ်အိတ်ခွံများ၊ သစ်ခြောက် သစ်ရွက်များနှင့် ခြုံနွယ်မြက်ပင်များအား စုပေါင်းခုတ်ထွင်ရှင်းလင်းကြပြီး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။


အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၂၀)ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 ထိုသို့ ပူးပေါင်းဆောင်ရွက်နေမှုကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များမှ ကြည်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)