MNP ၊ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီး ကြပ်ဆောင်ရွက်မှုဖြင့် မြို့သန့်ရှင်း သာယာလှပရေးအတွက်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက အမှတ်(၃)ရပ်ကွက်၊ ပုတင်းစုရပ်ရှိ ဓမ္မာ့ဝိဇယဘုန်းတော်ကြီးကျောင်းရှေ့လမ်းဘေးဝဲယာတစ်လျှောက်နှင့် သောက်သုံးရေကန်တို့တွင် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍ စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့တို့သည် ဓမ္မာဝိဇယဘုန်းတော်ကြီးကျောင်းရှေ့လမ်းဘေး ဝဲ ယာမှ အမှိုက်များကောက်ခြင်း ခြုံ၊ နွယ်၊ပေါင်း ၊မြက်များကိုခုတ်ထွင်ရှင်းလင်း ကျောင်းရှေ့ သောက်သုံးရေကန်ဘောင်ရိုးရှိ ခြုံ၊ နွယ်မြက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။ ၎င်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment