ဟိုပန်၌ ယာ(၈)စပါးမျိုး ခေါင်နှံဖြင့် မျိုးသန့်ပွားစနစ်ဖြင့် စိုက်ပျိုးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ ယာ(၈)စပါးမျိုး ခေါင်နှံဖြင့် မျိုးသန့်ပွားစနစ်ဖြင့် စိုက်ပျိုးခဲ့

 




MNP - ဇူလိုင်   ၂၀


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော် နှင့် ဝန်ထမ်းများက ယာစပါး မျိုးကောင်းမျိုးသန့်များရရှိ စိုက်ပျိုးနိုင်ပြီး အထွက်နှုန်း တိုးတက်စေရန်နှင့် တောင်သူများကိုယ်တိုင် ခေါင်နှံဖြင့် မျိုးပွားစိုက်ပျိုးထုတ်လုပ်တတ်လာ၍ ဝင်ငွေပိုမိုတိုးတက်ရရှိစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက နောင်မိုကျေးရွာ တောင်သူ ဦးဆောရ၏ ကွင်းအမှတ်(၁၈) ခေါင်နှံမျိုးသန့်ပွားစံပြကွက်၌ တောင်သူများနှင့်အတူ ယာ(၈) စပါးမျိုးခေါင်နှံဖြင့် မျိုးသန့်ပွားစနစ်ဖြင့် စိုက်ပျိုးခဲ့သည်။


ယာ(၈)စပါးမျိုးခေါင်နှံဖြင့် မျိုးသန့်ပွားစိုက်ပျိုးခြင်းနှင့် စပ်လျဉ်း၍ ဟိုပန်မြို့နယ်တွင် မိုးစပါး (၉၄၅၆)ဧကစိုက်ပျိုးထားရှိရာ ယာစပါး (တောင်ယာစပါး) (၄၄၁၈)ဧကစိုက်ပျိုးရာ၌ အထွက် ကောင်းနှင့် အရည်အသွေးကောင်းမျိုးများဖြင့် ‌ပြောင်းလဲစိုက်ပျိုးရန်လိုအပ်သည့် အတွက် အထွက်ကောင်းမျိုးဖြစ်သည့် ယာ-၈ စပါးမျိုးအား နေပြည်တော် စိုက်ပျိုးရေးသုတေသနဦးစီး ဌာနမှ မှာယူ၍ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းခဲ့ ပါကြောင်းနှင့် ၎င်းစမ်းသပ်စိုက်ပျိုးရာမှ ခေါင်နှံ ၁၀၀၀ ပြန်ရွေးချယ်ရယူပြီး လယ်မြေတွင် ပြန်လည်ပျိုးထောင်၍ ခေါင်နှံမျိုးသန့်ပွားပြန်လည်စိုက်ပျိုးပြီး ထွက်ရှိလာသော ယာ(၈)စပါး မျိုးဖြင့် ပြန်လည်ဖြန့်ဖြူးစိုက်ပျိုးရန် လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးက ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးသည့် ယာ(၈)စပါးမျိုး ခေါင်နှံဖြင့်မျိုးသန့်ပွားစံပြကွက်သို့ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာ၊ ပန်လော့ကျေးရွာနှင့် ကောင်းကော်ကျေးရွာများမှ တောင်သူ (၈) ဦးခန့်လာရောက်လေ့လာခဲ့ကြောင်း သိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)