MNP - ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် မျိုးစပါးများမျိုးကောင်း၊ မျိုးသန့်ရရှိ ထုတ်လုပ်နိုင်စေရေး အတွက်ယမန်နေ့ ညနေ ၃ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဉာဏ်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆီထွက်သီးနှံများ ဖြစ်သည့်မိုးနေကြာ၊ မိုးပဲတီစိမ်းနှင့် ဆင်းသုခနှံကောက် မျိုးစပါးမျိုးစေ့ ထုတ်လုပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မိုးနေကြာ ၂၅ ဧက၊ မိုးပဲတီစိမ်း ၅ ဧကနှင့် မျိုးစပါးမျိုးစေ့ထုတ် ၃၂ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိလျာထားချက်ပြည့်မီ စိုက်ပျိုးပြီးစီးပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - ခင်ခင်မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment